15 July 2009

What should I wear on rainny day??


အပြင်မှာ မိုးရာနေတယ်။ ဘာဝတ်ရင်ကောင်းမလဲဆိုသူ မမများအတွက် ညွှန်ကြားချက်လေးတွေမျှဝေပါရေစေ။

ဝတ်စုံ#1



နွေရာသီမိုးလေးစွဲစွဲလေးရွာနေတုန်းဆိုရင် အဖြူရောင်တီလေးကို cardiganနဲ့ထပ်ဝတ်ပြီး ဂျင်းအတိုလေးဖြင့်တွဲဝတ်ကြည့်ပါ။ ပြီးတော့ အရောင်တောက်တောက်လည်စင်းပုဝါ(scarf)နဲ့ မိုးဘွတ်ဖိနပ်လေးဝတ်လိုက်ရင် ချစ်စရာကောင်းနေမှာပဲ။

ဝတ်စုံ#၂


ဂါဝန်အနက်လေးပေါ်က အရောင်တောက်တောက်ဂျက်ကက်(mustard jacket)နဲ့တွဲဝတ်ကြည့်ရင် မိုးအုံအုံထဲမှာ မျက်စိဖမ်းစားမှုခံစားရမှာအမှန်ပဲ။

ဝတ်စုံ#၃

မိုးအရမ်းရွာတဲ့နေ့တွေမှာတော့ မိုးကာအကျီလေးကို ဂျင်းဘောင်းဘီ၊ ဘွတ်ဖိနပ်ရှည်ရှည်နဲ့တွဲဝတ်လိုက်ပေါ့နော်။


ဝတ်စုံ#၎

ကုတ်ရှည်ရှည် (classic trench coat)ကို skinnyဂျင်းဘောင်းဘီ နဲ့တွဲဖက်ဝတ်ပြီး ကိုယ်နှစ်သက်ရာဘွတ်ဖိနပ်လေးဖြင့်တွဲကြည့်ပါ။




ဝတ်စုံ#၅


ဒီတစ်ခါတော့ သာမန်ဘွတ်ဖိနပ်မဟုတ်ပဲ ဒေါက်နဲနဲပါတဲ့ဘွတ်ဖိနပ်ဝတ်ပြီး နွေရာသီစတိုင်ဂါဝန်တိုတိုကို black tights နဲ့ ၀တ်ဆင်ကြည့်ပါ။ အပေါ်က cardigan(အနွေးထည်) သို့မဟုတ် 3/4 sleeve jacket ကိုထပ်ပြီးဝတ်ကြည့်ရင် ဖက်ရှင်ကျကျလှပနေမှာဖြစ်ပါတယ်။ ( Jအမြင်မှာတော့ မိန်းကလေးတိုင်းက cardigan တစ်ခုလောက်တော့အပိုင်ဝယ်သင့်တယ်။ ပေါ့ပေါ့ပါးပါးနဲ့ခေတ်မှီပြီး အလွယ်တကူဝတ်ဆင်လို့ရတဲ့မရှိမဖြစ် အနွေးထည်တစ်ခုပါ))


ဝတ်စုံ#၆

လွယ်ကူသက်သာတဲ့နည်းလမ်းတစ်ခုကတော့ Tunicဂါဝန်တစ်စုံပေါ်မှာ ဂျင်းဂျက်ကက်လေးထပ်ပြီးဝတ်လိုက်ရုံပါပဲ။

5 ယောက်ဝေဖန်အကြံပြုသွားသည်:

ရွှန်းမီ said...

:) အပေါ်ဆုံးက rainy day cartoon လေး ကြိုက်တယ်.. :P
ဒီမှာတော့ မိုးသိပ်မသည်းတတ်လို့ ဘုမစီးဖြစ်ဘူး.. ကျန်တဲ့စတိုက်လေးတွေ မိုက်တယ်.. စမ်းကြည့်ဦးမယ်း)

Z a.k.a ANGELIC-DEVIL said...

ဟိုကလေးမ...ကျောင်းပိတ်တာ တခြားမလုပ်ဘူး ဘာဝတ်ရမလဲ ထိုင်စဉ်းစားနေတယ် ဟုတ်လား...ဟွန်းး..နာတော့မယ်နော်.. :P

ရွှန်းမီ said...

:) maybe, planning to own a fashion shop?

Z a.k.a ANGELIC-DEVIL said...

အဲလိုဆိုလည်း ကောင်းပါတယ်...
သူ့ဆိုင်သွားဝယ်ရင် discount မဟုတ်ရင် free ၇မှာပေါ့ :D မဆိုဘူး..ဒါဆို ဆက်လုပ်။

~P~ said...

ဟုတ်ပါ. ဂျေမ နင် မေဂျာပြောင်းပြီး ဖက်ရှင်ဒီဇိုင်နာလုပ်ပါလား ။ :D ငါနဲ. ဇီ အလည်ကားအ၀တ်တွေရအောင်...အဲ.လေယောင်လို. လာဝယ်လို.ရအောင်လို.ပါ။