07 July 2009
မဖတ်ခင်မှာ သိထားရန်:(Pre-med ဆိုတာဆေးကျောင်းတက်ခွင့်မရခင်မှာ College/University တခုခုမှာ ဆေးကျောင်းအတွက်ပြင်ဆင်ရေးcoursesတွေနဲ့အတူလေးနှစ်ကြာBachelor Degreeအတွက်ကျောင်းတက်နေသူများဖြစ်ပါတယ်။)
အထက်တန်းကျောင်းသားဘ၀မှာ ကျွန်တော်အမြဲကြားခဲ့ရတဲ့စကားက..."ငါ Aမရရင် Standfordကျောင်းတက်လို့ရမှာမဟုတ်ဘူး" ဆိုတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုးဆင်တူစကားသံကို ကော်လိပ်ကျောင်းတော်ကြီးမှာ ကျွန်တော်ထပ်ပြန်ကြားရလိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူး။ "ငါ ဆေးကျောင်းတက်ဖို့ A ရမှဖြစ်မယ်" ..ဆိုတာပေါ့ဗျာ။
ကော်လိပ်ကျောင်းသားအများစုဟာ ဘီယာအတွက်စာအုပ်ကိုအလှဲအလှယ်လုပ်နေကြချိန်မှာ ကျောင်းအမှတ်တွက် အသေခံတိုက်ခိုက်နေကြတဲ့ ကျောင်းသားအုပ်စုငယ်တစ်စုလည်းရှိနေပါတယ်။ သူတို့ကတော့ pre-med တွေဖြစ်ပါတယ်။
Pre-medတွေဟာ ကျောင်းအားလပ်ရက်နေ့တွေမှာလည်း မနက်၃နာရီအထိစာကြည့်တိုက်မှာထိုင်ပြီးစာကြည့်နေကြသူများဖြစ်တယ် (သြော်ဒါနဲ့..Laptopsကိုင်ပြီးအိမ်စာလုပ်နေတဲ့ကျောင်းသားတွေနဲ့မမှားကြမိနဲ့နော်။ အဲဒါက အင်ဂျီနီယာကျောင်းသားတွေ။)စာမေးပွဲစိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်တဲ့ဝက်ခြံတွေအတွက် Proactiv ကိုလည်း ဂါလန်လိုက်ဝယ်သုံးနေတာလည်း သူတို့ပါပဲ။ အမှတ်စာရင်းကြော်ညာကိုလည်း မမောမတန်းပြေးကြည့်နေတာလည်း သူတို့ပါပဲ။
ဟိုတလောက ကျွန်တော်တို့ကျောင်းသားတစ်စု Lunchစားပွဲမှာ ၀ိုင်းစုနေကြတုန်း တစ်ယောက်က စာမေးပွဲတစ်ခုမှာရထားတဲ့A- minus အကြောင်းကို ညဉ်းညူပြပါရော။ နောက်တစ်ယောက်က သူရဲ့ B-plus ကြောင့်ဆေးကျောင်းတက်ခွင့်ရတော့မှာမဟုတ်ကြောင်း စိတ်နွမ်းနယ်စွာထပ်ပြောပြန်တော့ ကျွန်တော်ကလည်းအားကျမခံ ကျွန်တော်ရထားတဲ့ B ကို ဖွင့်ပြောပြလိုက်တော့ နှစ်ယောက်စလုံးကကျွန်တော့်ကို "ဆေးကျောင်းတွက်မျှော်လင့်ချက်မရှိတော့ဘူး"ဆိုတော့လေသံတွေနဲ့ အဟောက်ခံရတယ်။ That’s the problem with premeds: they make you feel like shit when you already feel like crap.
ပြီးတော့ Pre-medဘ၀ဟာအင်မတန်အထီးကျန်ဆန်လှပါတယ်။ B နှင့် Cအနည်းငယ်ကို စာမေးပွဲမှာရမိတာနဲံ ကျောင်းသားတွေဟာ တခြားအလုပ်ကိုင်အသစ်ကိုစဉ်းစားရတော့တယ်။ ဟို..Studio art majorယူရင်ကောင်းမလား..ဒါမဟုတ် ကျောင်းထွက်ပြီးတော့ ဟမ်ဘာဂါပဲကြော်ရင်ကောင်းမလားဆိုတဲ့ အတွေးတွေဝင်လာတယ်။
ဆရာဝန်ဖြစ်တဲ့သူဟာ အင်မတန်ထူးချွန်သူဖြစ်ရမယ်ဆိုပေမဲ့ ပညာရေးထူးချွန်မှုတစ်ခုတည်းနဲ့ ရနိုင်ပါ့မလား။ ဘယ်လို လူနာမိသားစုကို နာရေးသတင်းပြောရမယ်၊ ငိုယိုနေတဲ့ကလေးငယ်ရဲ့ မိခင်ကိုစိတ်သက်သာအောင်ပြောရမလဲဆိုတာတွေက စာနဲ့သင်ယူလို့ရတဲ့အရည်အသွေးတွေမဟုတ်ပါဘူး။ Empathy for Dummie စာအုပ်မျိုးမရှိသရွေ့ပေါ့လေ။ Compassion and Patienceတို့ဟာ Pre-medတော်တော်များမှာ လိုအပ်နေတဲ့အရည်အချင်းတွေလို့ကျွန်တော်ထင်ပါတယ်။
တကယ်လို့..Medical school admissionက ကျောင်းသားတွေရဲ့သာမန်ဘ၀နဲ့ပတ်သက်တွေမေးခွန်းတွေကို အင်တာဗျူးမှာမေးရင်ဘယ်လောက်ကောင်းမလဲ။ ကိုယ်ရှာထွက်မတက်ပြေးတက်လိုက်ရတဲ့ ကျောင်းအသင်းတွေ၊လှုပ်ရှားမှုတွေထက် Admission committee memberတစ်ယောက်ယောက်နဲ့အတူကြည့်ဖြစ်တဲ့ ဘောလုံးပွဲအကြောင်းတွေ ဆွေးနွေးရရင်ပိုမကောင်းဘူးလား။ သူငယ်ချင်းတွေက ကိုယ်သူတို့အတွက် ဘယ်လောက်အချိန်ပေးခဲ့တာလဲဆိုတွေကို စာမေးပွဲကြီးရှိတဲ့ညမှာ ကိုယ်မနက်လေးနာရီအထိငုတ်တုတ်ထိုင်ပြီးသုတို့ရင်ဖွင့်သံနားထောင်ပေးခဲ့တာတွေကို Recommendationရေးပေးရင်ပိုမကောင်းဘူးလား။ ဒီနည်းလမ်းတွေက လူတစ်ယောက်ရဲ့စိတ်ဓါတ်ကို ခုအသုံးပြုနေတဲ့နည်းလမ်းတွေထက် ပိုသိစေမယ်လို့မထင်ဘူးလားဗျာ။
Standfordကျောင်းတက်ကြတဲ့ကျွန်တော်တို့အားလုံးဟာ အင်မတန်ကောင်းမွန်တဲ့ Highschool GPA နှင့် အမြင့်မားဆုံးသော ကော်လိပ်ဝင်ခွင့်စာမေးပွဲကြီးအမှတ်တွေကိုယ်စီရခဲ့သူများမဟုတ်ပါဘူးလား။ ဒါပေမဲ့ဗျာ..Premedတစ်ယောက်အနေနဲ့ evolutionary change of a wasp's noseက flower receptorsနဲ့ဆက်နွယ်မှုရှိတယ်ဆိုတာ ပရောဖက်ဆာစိတ်တိုင်းကျအောင် မဖြေနိုင်တာနဲ့ ဆရာဝန်ကောင်းမဖြစ်နိုင်ဘူးဆိုတာ မတရားလားဗျာ။ ကျွန်တော်တို့လို B-studentsတွေကတော့ ထိပ်တန်းဆေးကျောင်းဝင်ခွင့်မရနိုင်တော့မှန်းသိပေမဲ့ သူတစ်ပါးကိုကူညီချင်စိတ်နဲ့ ပန်းတိုင်ဆီကိုဆက်လက်ချီတက်နေရမှာပဲ၊
ps: BRIAN INOUYE, ’08, has pondered giving up on medical school to flip burgers in his hometown, Sacramento.
ှStandford magazineမှ student voice တစ်ခုကို အတက်နိုင်ဆုံးကြိုးစားဘာသာပြန်မျှဝေလိုက်တာဖြစ်ပါတယ်။ သင့်လျှော်ဆီလျော်အောင် စကားလုံးအသုံးအနှုန်းများကိုပြောင်းလဲထားသလို တချို့စာသားကို မလိုရင်မလိုသလိုဖြုတ်ချထားပါတယ်။မူရင်းစာကတော့ Pre-medကျောင်းသားတွေဘ၀ကို ဟာသဆန်ဆန်ဖော်ပြထားတာဖြစ်ပါတယ်။ အမှားပါသော် ခွင့်လွတ်သည်းခံဖတ်ကြားပေးစေလိုပါတယ်။
စာရေးသူ
~J-Quen ~
အချိန်
6:40 PM
အကြောင်းအရာက j's ဖိုင်တွဲများ, စာသင်ခန်းထဲကဘ၀, ဘာသာပြန်

0 ယောက်ဝေဖန်အကြံပြုသွားသည်:
Post a Comment