31 May 2009

နောက်ဆုံးတော့လည်း...

မနေ့ကပဲ အထက်တန်းကျောင်းသူဆိုတဲ့ ဘ၀က လွတ်မြောက်သွားပါပြီ။ :) နောက်ဆုံးတော့လည်း ကျန်ခဲ့တာ... memories တွေပဲ...ဘာမှလည်း မဟုတ်ဘူး အချိန်တွေက ကုန်သွားတာမှန်လိုက်တာ... အစကတော့ ကျောင်းပြီးချင်တာ အရမ်းပဲ...ဒါပေမယ့် တကယ်တမ်းကျတော့လည်း မြင်နေကျ သူငယ်ချင်းတွေ...တက်နေကျ အတန်းတွေ...ဆရာ ဆရာမတွေ... အားလုံးကို နှုတ်ဆက်ခဲ့ရတော့ စိတ်ထဲက မကောင်းပြန်ဘူး... ဘ၀ဆိုတာ ဒီလိုပါပဲ... ကြုံလာတဲ့ အခိုက်အတန့် တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေတွေဖြစ်... နောက်ကျတော့လည်း သူ့လမ်းသူ ကိုယ့်လမ်းကိုယ် လျှောက်ရတာပဲ... အဲဒါတွေကတော့ ထားပါတော့...လောလောဆယ်တော့ ကိုယ့်ဘာသာကိုယ် ငါ လူကြီး ဖြစ်ပြီဆိုတဲ့ အတွေးတွေနဲ့ ပျော်နေပါတယ်။ :D ခုမှ လူရာဝင်မှာ။



3 ယောက်ဝေဖန်အကြံပြုသွားသည်:

အိမ် said...

ဝမ်းသာပါတယ်ဗျား... ပညာတတ်ကြီးဖြစ်ပြီဆိုတော့။ ပညာတော့ စုံပြီ
ကြင်ယာသာရှာတော့ဗျို့.. ဟိဟိ

~J-Quen ~ said...

အ၀ါလေးနဲ့ဘယ်သူများလဲလို့..သြော်နင်ကိုး ဟဲဟဲ

Apprenticeship said...

Congratulation Z yae..... အစတုံးက ယူနီးကျောင်းသူလေတွေ ထင်နေတာ အတော်ရင့်ကျတ်တယ် ငါ့ညီမလေးတွေ :)