24 March 2008

အချစ်ဆိုတာ လျှိက်ဝှက်ချက်


အချစ်ဆိုတာ လျှိက်ဝှက်ချက်

မင်းကို ချစ်တယ်လို့
ကိုယ် ဖွင့်မပြောရဲခဲ့ဘူး။
လေညင်းက ခိုးယူသွားမှာစိုးလို့ပါကွယ်။



"မင်းကိုချစ်တယ်...အရမ်းချစ်တယ်..အရမ်းပဲချစ်တယ်"

သူမကို နှလုံးသားပုံအပ်ပြီး
အကြောက်အလန့်နဲ့ ကိုယ် တဖွဖွပြောပြခဲ့တယ်။
ဒါပေမဲ့.......
သူမ နှုတ်ဆက်ထွက်ခွာသွားခဲ့တယ်။

သူမ ကိုယ့်ကို ခွဲခွာသွားရက်လေတယ်။
အဝေးကလာတဲ့ ခရီးသည်တစ်ယောက်က..
သက်ပြင်းတချက်နဲ့တင် သူမကိုခိုးယူသွားခဲ့တယ်ကွယ်။-။



ကဗျာဆရာWilliam Blakeရေးထားတာလေးကို သဘောကျလို့ ပြန်မျှဝေလိုက်ပါတယ်။ ကဗျာကတော့ ခရီးသွားသူ (သေမင်း)က သူ့ချစ်သူ့အသက်ကို ခိုးယူသွားပုံကိုဖွဲ့ဆိုထားတာပါ။ ကဗျာရေးတာ မကျွမ်းတဲ့ကျွန်မတစ်ယောက် တက်နိုင်သမျှကြိုးစားရင်း ခံစားဘာသာပြန်ထားတာ ဖြစ်တဲ့တွက် အမှားယွင်းရှိခဲ့သော် နားလည်ဖတ်စေလိုပါတယ်။ (မူရင်းကို ဖတ်ချင်သူများ အွန်လှိုင်းမှာ ရှာဖွေဖတ်နိုင်ပါတယ်)


3 ယောက်ဝေဖန်အကြံပြုသွားသည်:

Nyein Chan Aung said...

လက်ရာကောင်းတယ်။ စကားလုံး ရွေးချယ်တာ လှတယ်။ အားပေးလျှက်ပါ။

နေအရုဏ် said...

ကဗျာမှာ စကားလုံးသုံးထားတာ အရမ်းကောာင်းတယ်။နူးညံ့မှု အပြည့်ပါတယ်။ဆက်ရေးပါနော်။အားပေးနေမယ်

နေအရုဏ် said...
This post has been removed by the author.